top of page

ARMYsတွေရဲ့အသည်းကိုဖမ်းစားထားတဲ့ Kim Tae Hyung ရဲ့အကြောင်း

ဒီတစ်ခါပြောပြသွားမှာကတော့ အသံဩရှရှလေးနဲ့ ARMYsတွေရဲ့အသည်းကိုဖမ်းစားထားတဲ့ Kim Tae Hyung ရဲ့အကြောင်းကို

လေ့လာထားသလောက်ပြောပြပေးသွားမှာပါ ...


-Vရဲ့မိသားစုဝင်တွေကတော့ အဖေ,အမေ ,ညီးလေး ,ညီမလေးရှိပြီးတော့သူကတော့အကြီးဆုံးတစ်ယောက်ပါ


-V က တောင်ကိုရီးယားနိုင်ငံ Daegu တွင်နေထိုင်သော လယ်သမားမိသားစုမှဝင်တွေပဲဖြစ်ပါတယ်

ငယ်စဉ်ကမိဘနှစ်ပါးက စီးပွားရေးလုပ်ကိုင်နေကြတာဖြစ်လို့ အဖွားနဲ့အနေများပါတယ်

အဲ့ဒါကြောင့်သူဟာ သူ့အဖွားကိုအရမ်းကိုချစ်ခင်ပါတယ်

သူ့အဖွားဆုံးလို့အနည်းငယ်ခက်ခဲ တဲ့အချိန်တွေလည်းရှိတဲ့အကြောင်းကိုလည်း ARMYsဝေတွကိုလည်းဖွင့်ပြောခဲ့ဖူးပါတယ်


-V ငယ်စဉ်ကပင် သူ့ အနာဂတ်က လယ်သမားဖြစ်လာမည်ဟု အမြဲတမ်းတွေးနေခဲ့ပါတယ်

ဒါပေမယ့်သူဟာ Saxophone ဆိုတဲ့ တူရိယာတစ်မျိုးကိုလေ့လာလိုက်တဲ့အခါ သူ့အတွေးတွေဟာပြောင်းလဲလာခဲ့ပါတယ်

သူရဲ့မိသားစုဝင်တွေကလည်း သူရဲ့ဆုံးဖြတ်ချက်ကိုအလေးထားခဲ့ပါတယ်


-နောက်တော့ V က သီချင်းဆိုဖို့ စိတ်ဝင်ထားခဲ့ပါတယ်

အကတွေလည်းသင်ယူခဲ့ပါတယ်

နောက်တော့ သူ့သူငယ်ချင်းဝင်ပြိုင်ဖို့လုပ်နေတဲံ Big Hit Entertainment ကိုအဖော်အနေဖြင့်လိုက်ခဲ့ပါတယ်

ဒါပေမယ့် Big Hit Entertainment က အဖွဲ့သားတစ်ယောက်က V ကို audition လုပ်ဖို့ အားပေးခဲ့တယ်အတွက်သူဟာ

audition ဝင်ပြိုင်ခဲပါတယ်


-ထိုနေ့တွင် Daegu မှ နောက်တစ်ဆင့်အတွက် ရွေးချယ်ခံရမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး

ဒီလိုနည်းနဲ့ သူဟာ Big Hit Entertainment

ကို အစကတည်းက trainee အဖြစ်ဝင်ရောက်ခဲ့ပြီး BTS အဖွဲ့ဝင်ဖြစ်လာခဲ့ပါတော့တယ်


-V သည် Korean Arts School တွင် ကျောင်းတက်ခဲ့ပြီး လက်ရှိမှာတော့ သူဟာ အဖွဲ့၀င်

Jungkook၊ Jimin၊ Suga၊ J-Hope နဲ့ RM တို့နဲ့အတူ Global Cyber ​​University မှာ စာရင်းသွင်းနေပါတယ်


-သူက အဆိုတော်၊ dancer နဲ့တေးရေးဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်

V သည် BigHit Entertainment မှတဆင့် 2013 ခုနှစ်တွင် “No More Dreams” တေးသီချင်းနဲ့

BTS အဖွဲ့ဝင်အဖြစ် ပထမဆုံးပွဲဦးထွက်ခဲ့တယ်

V ဟာ ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်


-V ကအရမ်းကိုနွေးထွေးပြီးသူတစ်ပါးကိုလဲခွင့်လွတ်တက်ပါတယ်

သူခင်တဲ့သူတွေအပေါ်လည်းသူ့ခံစားချက်ကိုထုတ်ပြဖို့ဝန်မလေးခဲ့ပါဘူး



-V ရဲ့ နာမည်အရင်းက Kim Taehyung ပါ

အဆိုတော်နာမည်အဖြစ် 'V'ကိုသတ်မှတ်ထားပြီး 'Victory for group'လို့ပေးထားပါတယ်

Vက ဘယ်သန်လေးတစ်ယောက်ပါ (မြန်မာအယူအဆဆိုရင်ဘယ်သန်တွေက ညဏ်ကောင်းတယ်လို့ပြောကြပါတယ်)


-V နဲ့ Jimin တို့ဟာ အထက်တန်းကျောင်းရဲ့ အတန်းဖော်တွေဖြစ်ပြီး

jimin ဟာ vရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်


-V ဟာ အဖွဲ့ထြတွင် ဒုတိယအသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီးတော့ member တွေအပေါ်လည်းဂရုတစိုက်အရှိဆုံးပါ

V က က​လေး​တွေကိုအရမ်းချစ်ခင်တက်ပါတယ် ကလေးတွေနဲ့တွေရင်အမြဲတမ်းရယ်မောနေတက်ပြီးစနောက်နေတဲ့သူတစ်ယောက်ပါ


-V က နာမည်ကြီး အနုပညာရှင်များနဲလည်းခင်မင်ရင်းနီးပါသေးတယ်

V က ဓာတ်ပုံပညာကိုလည်း စိတ်ဝင်စားပြီးတော့ ပြခန်းတွေသွားရတာလည်းကြိုက်နှစ်သက်ပါတယ်

V က ပူဖောင်းများနှင့် ကစားခြင်းကို နှစ်သက်ပြီးတော့

V မှာ Yeontan ဆိုတဲ့ ခွေးလေး ရှိပါတယ်


-BTS ပရိသတ်တွေ့ဆုံပွဲတွင် V က 'I Purple You' ဟူသော စကားလုံးကို ဖန်တီးခဲ့ပြီးတော့ အဓိပါယ်ကတော့

"ငါမင်းကို အချိန်အကြာကြီး ယုံကြည်ပြီး ချစ်သွားမှာပါ"လို့အဓိပါယ်ရပါတယ်လို့V က

တိုက်ရိုက်ဖျော်ဖြေမှုတစ်ခုအတွင်း ပြောကြားခဲ့

-V Kkumul Kkumul အကကို ကြိုက်နှစ်သက်ပါတယ် --အဖွဲထဲမှာဆိုလဲ vmin solumateဆိုပြီးနာမည်ကြီးပါတယ်

ဘာလို့လဲဆိုတော့ အမြဲတမ်းရန်ဖြစ်ပြီးအမြဲတမ်းချစ်ချစ်ခင်ခင်နေကြလို့ပဲ

(တကယ့်သူငယ်ချင်းအစစ်တွေက ခနခနစကားများတက်ကြပါတယ်စကားများလာတော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်းပြီး

ပိုပြီချစ်ခင်သွားတက်ကြပါတယ်]

ရန်ဖြစ်ခဲ့တဲ့အထဲမှာ ဖက်ထုတ်ပြသာနာကတော့နာမည်ကြီးပါတယ်

ဖတ်ထုတ်ပြသာနာကြောင့် jimin ရဲ့ friendနဲ့

V ရဲ့ 4 o'clock ဆိုပြီးသီချင်း ၂ပုဒ်လဲထွက်လာပါသေးတယ်

(ဘဝမှာတစ်ကြိမ်လောက်တော့ Taeလို သူငယ်ချင်းကောင်းလေးတစ်ယောက်ဘေးမှာရှိနေပေးရင်ကောင်းမှာပဲလို့တွေးဖူးပါတယ်)


-အချစ်ရေးကိစ္စလေးမှာတော့ V ဟာတစ်ခါမှရည်းစားမထားဖူးပါဘူး

သူငယ်ငယ်က crush နေတဲ့အစ်မတယောက်တော့ရှိပါတယ်လို့ပြောဖူးပါတယ်

အဲ့ဒီအစ်မမှာလဲ ရည်းစားရှီပါတယ်

တနေ့တော့သူက သူ့ခံစားချက်ကိုဖွင့်ပြောမယ်ဆိုပြီး ဖုန်းခေါ်ခဲပါတယ် ကံမကောင်းစွာပဲ အဲဒီအစ်မက ဖုန်းခေါ်တာကိုမကိုင်ခဲ့ပါဘူး

အခုချိန် ထိ vက ရည်စားမထားဘူးသေးတဲ့ကောင်လေးပါ

ရည်းစားမထားဖူးပေမယ့် တကမ္ဘာလုံးက သည်းသည်းလှူပ်အချစ်ခံနေရတဲ့ကောင်းလေးတစ်ယောက်ပါ


အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ယောရောဘွန် .....

#V#TaeHyung

┌────────

♡ @Adorable73>.<❅ ♡«⬼•𝐀𝐝𝐨𝐫𝐚𝐛𝐥𝐞•⤗»❅












 
 
 

Comments


Post: Blog2_Post

©2022 by Adorable Representative MC For Youths(Myanmar). Proudly created with Wix.com

bottom of page