top of page

Yeoreobom 7 Fates Wattpad Myanmar version ep-01

“အင်ဝမ်တောင်က လူသတ်သမား”


Thump... Boom... Thump... Boom... Thump... Boom...

မြေအောက်မှ ထွက်လာသော ‌ခြောက်ကပ်ကပ်ဆူညံသံ

စည်းချက်ကျပြီး မိုးကြိုးလိုတဒိန်းဒိန်းမြည်‌တဲ့အသံက တခြားမဟုတ် ပုံမှန်ခုန်‌နေတဲ့ နှလုံးခုန်သံပါ

ဖြည်းဖြည်းနဲ့ မှန်မှန် ခုန်နေတဲ့နှလုံးခုန်သံက မြိုတော်ကို လွှမ်းခြုံသွားပြီး အရမ်းအမြန်ခုန်နေတဲ့ နှလုံးသားတစ်ခုအသွင်ပြောင်းကာ ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်

အဲ့အချိန်မှာ နက်မှောင်ပြီး အဆုံးမရှိတဲ့ တွင်းနက်ကြီးကနေ ကြီးမားတဲ့ အလုံးတစ်လုံးကသူ့ဆီကိုပျံသန်းပြီးရောက်လာတယ်


အသက်ရှုလိုမရဘူး...


“အား!”


Zeha လန့်နိုးလာပြီးတော့ အသက်ကိုပြင်းပြင်းရှူလိုက်တယ်


‌ပြင်းပြင်းထန်ထန်အသက်ရှူရင်းမျက်လုံးတွေပြူးပြီး မျက်နှာကျက်ကိုစိုက်ကြည့်ခဲ့တယ်

အဲအရာက ဖြူပြီး မရင်းမနှီးဖြစ်နေတယ်

“ဘာ...”


Zeha က သူရောက်နေတဲ့နေရာကို ကြည့်စရာတောင်မလိုဘဲ ဘေးပတ်ဝန်းကျင်က အာရုံခံစားရတဲ့ ဓာတုပစ္စည်းအနံ့တွေကြောင့်အလိုလိုသိလိုက်ရတယ်


“ဆေးရုံ...? ငါဒီမှာ ဘာလုပ်နေတာလဲ...”


ပတ်ဝန်းကျင်ကို ကောင်းကောင်းသိလာတော့ ရုတ်တရက် ပြင်းထန်တဲ့ ဝေဒနာတစ်ခု ခန္ဓာကိုယ်အနှံ ထိုးဖောက်ဝင်ရောက်လာတာကို ခံစားမိလိုက်တယ်


“အား”


Zeha က ချက်ချင်းလက်ကိုရုတ်သိမ်းပြီး ရင်ဘတ် ပေါ်တင်လိုက်တဲ့အချိန်မှာပဲ သူ့လက်ကို တင်းတင်းကျပ်ကျပ် ပတ်ခံထားရသလို ခံစားလိုက်ရတယ် နာကျင်မှုကအဲနေရာကလာနေတာပဲ

ဘာမှပြန်မစဉ်းစားနိုင်တော့ဘဲ ဒီအ‌ခြေအနေဟာ သူ့လက်ရှိအခြေအနေနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ သူမသိတာ‌ကြောင့် မျက်မှောင်ကို ကြုတ်ထားလိုက်တယ်

ငါအိပ်မက်မက်ခဲ့တယ်ထင်တယ်..

သူဘယ်လောက်ကြိုးစားကြိုးစား အိပ်မက်ကို အသေးစိတ်မမှတ်မိပေမယ့် သာယာတဲ့အိမ်မက်တစ်ခုမဟုတ်တာကိုတော့ Zeha သိတယ် ထူးဆန်းတဲ့ အမှောင်ထုတစ်ခုရဲ့လိုက်ဖမ်းခြင်းခံရတာကို သတိရပြီး နောက်ဆုံးမှာ သူ့ကိုဖမ်းမိပြီးတော့ စပါးအုံးမြွေတစ်ကောင်က သားကောင်ကို လည်ပင်းညှစ်နေသလိုမျိုး သူ့နှလုံးသားကို ညှစ်နေသလိုခံစားရတယ်

Zeha ရင်ဘတ်ကို လက်နဲ့ ဖိထားရင်း နာကျင်မှုတွေကို ပြေပျောက်အောင် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်

ငါဘာဖြစ်သွားတာလဲ ငါဆေးရုံမှာ ဘာလုပ်နေတာလဲ... ဒီဝေဒနာကရော ဘာလဲ ? ငါ ဘယ်တုန်းက ဒဏ်ရာ ရသွားတာလဲ


Zeha ဘယ်လိုပဲစဉ်းစားစဉ်းစား မမှတ်မိပေ တစ်စုံတစ်ယောက်က သူ့ဦးနှောက်ထဲကိုဖိအားပေးပြီး ရှုပ်အောင်လုပ်နေသလိုပဲ Zeha ကဘယ်လိုအခြေအနေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို နားလည်ဖိုစဉ်းစားနေတဲ့အချိန်မှာ သူ့ရဲ့ရင်ဘတ်ကပိုအောင့်လာတယ်

"အိုး...!"

Zehaက သူရဲ့နာကျင်မှုတွေကြောင့်အကြိမ်ကြိမ်ညည်းတွားနေမိတယ်

နာကျင်မှုက နောက်ဆုံးမပျောက်ခင်ထိကို ထာဝရနာကျင်သွားမယ်လိုတောင် ခံစားရတယ်

ငါဘာဖြစ်နေတာလဲ

သူဘာတွေဖြစ်နေလဲဆိုတာဘာမှ နားမလည်နိုင်တော့ဘူး အဲ့အချိန်မှာ Zeha က သူအိမ်ကနေ ထွက်သွားတုန်းက မသင်္ကာစရာကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တာကို သတိရသွားတယ်

"မင်းမိဘတွေ ဘယ်လိုသေတာလဲ မင်းမသိချင်ဘူးလား" လိုမေးခဲ့တယ်

.

.

သူမေးပေမယ့်ဆရာမတွေနဲ့ မိဘမဲ့ကျောင်းက ဝန်ထမ်းတွေက သူ့ကို တစ်ခါမှ မပြောဘူး အဲ့ဒီအစား သူမေးတိုင်း မသက်မသာမျက်နှာဖြင့် လှည့်ထွက်သွားကြတယ် အဲ့ဒါကြောင့်သူ့မိဘများသေဆုံးခြင်းနှင့်ပတ်သက်ပြီး‌တော့ မှေးမှိန်နေတဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကပြန်ပေါ်လာတယ် သူ့မေးခွန်းတွေကို‌ဖြေတဲ့သူမရှိတဲ့အတွက် Zeha က တစ်နေ့မှာ ဒါကိုသူ့ဟာသူဖြေရှင်းမယ်လိုဆုံးဖြတ်ချက်ချခဲ့တယ် ဒါပေမယ့် အဲဒါက သူငယ်ရွယ်ပြီးရိုးအတဲ့အချိန်တုန်းကပေါ့ မိဘမဲ့ဂေဟာကနေ ထွက်သွားဖို အရွယ်ရောက်လာတဲ့အခါ တချိုအရာတွေကိုအရင်လုပ်ရမယ်လို Zeha သဘောပေါက်ခဲ့တယ် သူ့မိဘတွေအကြောင်း အမှန်တရားကိုရှာဖို ဦးစွာပထမသူသည် အသက်ရှင်ဖို လိုအပ်တယ်လေ Sin-si မှာ မွေးဖွားလာတာဟာ အကျိုးကျေးဇူးတွေ အများကြီးရှိခဲ့ပေမယ့် သူ့ကိုယ်သူ ထောက်ပံ့ဖို ငွေလိုတယ် နေ့တိုင်း စားဖိုသောက်ဖိုတောင် စိတ်ပူနေရတဲ့အချိန်မှာ သူ့မိဘတွေရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို မတတ်နိုင်ခဲ့ပါဘူး အဲဒါကြောင့် Zeha က မိုးလင်းကနေမိုးချုပ်ထိ အချိန်ပိုင်းအလုပ်မျိုးစုံကို လုပ်ကိုင်ရင်း သူ့ရည်မှန်းချက်ကို ထမ်းပိုးထားခဲ့ရတယ် အဲ့အချိန်ကစပြီး သူ့မိဘတွေနှင့်ပတ်သက်တဲ့ အမှတ်တရတွေစပြီး ပျောက်ကွယ်သွားပါတော့တယ် သူ့မိဘတွေက သူ့ကို စွန့်ပစ်ခဲ့တာလို Zeha က စပြီး ယုံကြည်လာတယ် နည်းနည်းကြာတော့သူ့မိဘတွေအပေါ် သူ့ရဲ့ တောင့်တမှုတွေက နာကြည်းစရာအဖြစ် ပြောင်းလဲသွားတယ် အဲလိုနဲ့အဆိုးမြင်တတ်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်

အဲဒါကြောင့် Zeha ကတစ်နေ့တာကုန်ဆုံးဖိုအတွက်ပဲ နေ့ရက်တိုင်းကိုရုန်းကန်လှုပ်ရှားနေရတယ် အဲ့အချိန်မှာတစ်ယောက်ယောက်ပေါ်လာတယ် ကြီးကျယ်ခမ်းနားတဲ့အိပ်မက်မက်နေတတ်တဲ့ မိဘမဲ့ကလေးငယ်လေးတုန်းက သူ့ဆီသာလာတွေ့ခဲ့မယ်ဆိုရင် Zeha က သူ့အကြံဥာဏ်ကို နှစ်ခါ‌တောင် မတွေးဘဲ လိုက်လုပ်လိုက်မိမှာပဲ ဒါပေမယ့် သူက လွန်ခဲ့တဲ့ အချိန်တုန်းကလို သူ့ကို သကြားလုံးပေးတဲ့ သူစိမ်းနောက်ကိုလိုက်မယ့် အပြစ်ကင်းတဲ့ ကလေးမဟုတ်တော့ Zeha က အဲလူကို ကျောခိုင်းခဲ့လိုက်တယ်

"ဂရုစိုက်မယ်ထင်နေလား"

ဖြတ်လျှောက်မသွားခင် သူ့ကို လက်ခလယ်ထောင်ပြလိုက်တယ် ဒါပေမယ့် အဲလူကနောက်ဆုတ်မယ့်အစား သူ့နောက်ကို ဆက်လိုက်လာတယ်

"ဟေး မင်းမိဘတွေ ဘယ်လောက်တောင်ကြေကွဲစရာကောင်းလောက်အောင် သေရတယ်ဆိုတာ မင်းမသိချင်ဘူးလား သူတိုတွေ ဘယ်လိုသေသွားလဲ မသေခင်မှာ ဘယ်လို ဝေဒနာတွေနဲ့နာကျင်ခံစားရပြီးအော်ဟစ်ခဲ့ကြလဲ မသိချင်ဘူးလား"

Zehaက ထိုလူရဲ့အသံကို အဓိပ္ပါယ်ဖော်၍မရပေ သူ့မိဘတွေသေဆုံးမှုကို လှောင်ပြောင်နေသလိုအသံမျိုးဖြစ်သလို မိဘတွေကိုမေ့ထားလိုဝေဖန်နေသလိုလိုအသံမျိုးလည်းပေါ်တယ်

"အိုး ဝါး တကယ်လား အရမ်းကြောက်စရာကောင်းတာပဲ"

"အင်းဝမ်တောင်မှာ မင်းမိဘတွေနဲ့ပတ်သတ်တဲ့ လျှိဝှက်ချက်ရှိတယ်"

အင်ဝမ်တောင်....

Zehaကမျက်ခုံးကိုပင့်လိုက်တယ် ဒါပေမယ့်ဟိုလူကပြန်လှည့်လာတာကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တယ်

“ငါ တောင်တက်တဲ့ထဲပါမှာမဟုတ်ဘူး" သူ မသိမသာ ပခုံးတွန့်ပြလိုက်တယ်

"Zeha"

သူ့နာမည်ခေါ်သံက Zeha ရဲ့ခြေလှမ်းတွေကို ရပ်လိုက်စေတယ်

သူလှည့်ပြီး အဲလူကို မျက်စောင်းထိုးကြည့်လိုက်တယ်

အဲ့ဒီလူက သူ့ရဲ့ သန့်ရှင်းတဲ့ သွားတွေပေါ်တဲ့ထိဟန်‌ဆောင်ပြုံးပြနေတယ်

“အခုမှမင်းရဲ့အာရုံစိုက်မှုကိုရတော့တယ်” လိုညည်းရင်း “မင်းနာမည်ကို ဘာကြောင့် သိတာလဲ သိချင်လား”

"အင်.. မင်းငါ့နာမည်ကို ရှာတွေ့နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ငါဆိုလိုတာကအဲဒါကလျှိဝှက်ထားတဲ့ကိုယ်ရေးအချက်အလက်ဆိုရင်တော့သိနိုင်မှာမဟုတ်ဘူး ငါ့လိုချောမောတဲ့လူငယ်တစ်ယောက်ရဲ့နာမည်နဲ့လိပ်စာကိုသိရဖိုမင်းရဲ့နည်းလမ်းတွေကအသုံးမဝင်တော့ဘူး... မင်းကနောက်ယောက်ခံလိုက်တဲ့သူလား? ဒါမှမဟုတ် လူစိမ်းတစ်ယောက်လား?

လူကြီးက သူ့နှာခေါင်းကိုလက်နဲ့ထိလိုက်တယ်

အဲဒါကဘာလဲ

အဲအချိန်မှာ သူက လူမဟုတ်ဘူးဆိုတာကို Zeha ခံစားလိုက်ရတယ်

Zeha တစ်ခါမှ မခံစားဖူးတဲ့ အငွေ့အသက်တွေကို ထိုလူကထုတ်လွှတ်လိုက်တယ် ရက်စက်ကြမ်းကြုတ်သော သားရဲအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုကြည့်နေတုန်းမှာချွန်ထက်သော အစွယ်များက သူ့လည်ပင်းမှာ စက္ကန့်မရွေးနစ်မြုပ်သွားနိုင်တယ်လိုတွေးမိလိုက်တယ်

"မင်းအမေကနတ်ဆရာမတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ မင်းမှတ်မိလား"

ထိုလူက ရှေ့သို တိုးလာတယ် Zeha ကတော့ ရပ်နေတဲ့နေရာမှာပဲ ဆက်ရပ်နေချင်ပေမယ့် သူတောင်မသိလိုက်ခင်မှာခြေထောက်ကနောက်ကို တစ်လှမ်းဆုတ်ပြီးနေခဲ့ပြီ

"မင်းနဲ့ မင်းမိဘတွေက အင်ဝမ်တောင်ရဲ့ Beom ကျောက်ဆောင်အနီးမှာ နေထိုင်ခဲ့တာကို မင်းမေ့သွားပြီလား"

အင်ဝမ် တောင်ရဲ့ Beom ကျောက်ဆောင်

ငါမှတ်မိတယ်

Beom ကျောက်ဆောင် ရှေ့မှာ ထိုင်နေတဲ့ သူ့အဖေကZehaကို သူ့ပေါင်ပေါ်တင်ပြီး သီချင်းတပုဒ်ညည်းပြနေတာကို သတိရသွားတယ်

နူးညံ့တဲ့ ဆံနွယ်တွေကြားမှာ သူ့အဖေရဲ့လက်ချောင်းလေးတွေဖြတ်သွားတဲ့ နူးညံ့တဲ့ အထိအတွေ့

အဖေ ...

Zehaက သူ့အဖေရဲ့ ရင်ခွင်ထဲတွင် ရှိနေစဉ်မှာ လှမ်းကြည့်လိုက်တော့ သူ့အမေကသူ့ကိုကြည့်ပြီး ပြုံးပြနေတယ် သူမရဲ့မျက်လုံးတွေက ကြည့်လိုက်တိုင်းချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတာပဲ

Zeha ဘယ်လောက်တောင်ပျော်ရွှင်ခဲ့ရတယ်ဆိုတာကိုလည်းပြန်မှတ်မိသွားတယ်

"ပြေး!"

သူ့အဖေက အော်လိုက်တယ်

"Zeha!"

ဒါက သူကြားလိုက်ရတဲ့ သူ့ အမေ ပြောတဲ့ နောက်ဆုံးစကားပဲ

သူ့မိဘတွေရဲ့ စကားသံတွေက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်ပြီးပေါ်လာတယ်

Zeha ရဲ့ မျက်လုံးရှေ့မှာလည်းသူ့ငယ်ဘဝအမှတ်တရတွေပြန်မြင်လာခဲ့တယ် ဒီအမှတ်တရတွေကို ဘယ်လိုမေ့သွားနိုင်ရတာလဲ

သူ့မျက်လုံးထဲမှာတွင် ကွဲလွဲနေသော ခံစားချက်များ တွေကို မြင်လိုက်ရတယ် အဲဒီလူက ရှေ့ကိုနောက်တစ်လှမ်းတိုးလာတယ် ဒီတစ်ခါတော့ Zeha နောက်ပြန်မဆုတ်ခဲ့

"ဟေး ဒီနေ့ ရာသီဥတုက သာယာတယ် Beom ကျောက်ဆောင်ကိုဘာလို မတက်တာလဲ မင်းမိဘတွေအကြောင်း အမှန်ကို ဖော်ထုတ် မင်းကိုယ်တိုင်ကြိုးစားကြည့်လေ" လိုပြောပြီးနောက်ပြန်လှည့်သွားခဲ့တယ်

"ဟေး မင်း!" Zehaသတိပြန်ဝင်ပြီး လက်ကိုဆန့်ပြီးခေါ်လိုက်တော့ ထိုလူကပျောက်သွားပြီ

လူသားတစ်ဦးအတွက် မယုံနိုင်လောက်အောင် မြန်ဆန်နေတာကြောင့်လန့်သွားခဲ့တယ်

ရုတ်တရက်ကြီး ပေါ်ထွက်လာတဲ့ မှတ်ဉာဏ်တွေကြောင့် သူစိတ်ရှုပ်သွားတယ်

အဲဒီအော်သံက ဘာလဲ

ဘာလို အမေက ငါ့ကိုအသည်းအသန်အော်နေတာပါလိမ့်

Zehaစိတ်ထဲမှာတော့သန်းချီတဲ့မေးခွန်းတွေပြည့်နေပြီ

အဲ့ဒီအချိန်မှာ သူ့ဖုန်းမြည်လာခဲ့တယ် သူဖုန်းကိုမကြည့်ခင် စိတ်ထိန်းဖိုအတွက် Zehaဟာလည်ချောင်းရှင်းလိုက်တယ် (ဇန်နဝါရီ ၁၆ ၊ လပြက္ခဒိန်)

ငါ့မိဘတွေဆုံးတဲ့နှစ်ပတ်လည်နေ့

ဒီလိုနေ့ကြီးမှာ ငါ့မိဘတွေသေဆုံးမှုအကြောင်းကိုပြောတဲ့လူစိမ်းတစ်ယောက်ပေါ်လာတာက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲလား?

မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး

အဲ့ဒါကြောင့်Zehaဟာ သူ့ရဲ့အချိန်ပိုင်းအလုပ်ကိုဖျက်ပြီး တောင်ရှိရာကိုခြေဦးလှည့်ခဲ့ပါတော့တယ်

ဟုတ်ပါတယ် ငါအဲကိုသွားခဲ့ပါတယ် ဘတ်စ်ကားစီးတယ် ဘတ်စ်ကားပေါ်ကဆင်းခဲ့တယ် ပြီးတော့ ငါ့ရှေ့တည့်တည့်မှာတောင်ကိုမြင်လိုက်ရတယ် အဲ့ဒီထိငါမှတ်မိသေးတယ် ဒါပေမယ့် အဲ့ဒါပြီးတော့ဘာဆက်ဖြစ်ခဲ့တာလဲ? နောက်ဆုံးမှာ ငါကဘယ်လိုလုပ်ဆေးရုံရောက်နေရတာလဲ?

ခဏနေတော့ သူနာပြုတစ်ယောက်အခန်းထဲဝင်လာတယ် သတိရနေပြီဆိုတာကိုသူမသတိထားမိတော့ Zeha ဘက်ချက်ချင်းအမြန်ပြေးလာတယ်

"ဆရာ နိုးလာပြီလား ဘယ်လိုနေသေးလဲ နာကျင်တာမျိုးရှိသေးလား"

"ရင်ဘက်ကတော့နည်းနည်းနာတယ်"

"နာမှာပေါ့ ရှင့်ရင်ဘတ်မှာဒဏ်ရာအကြီးကြီးရှိနေတာကို ကျွန်မရှင့်ရဲ့ဆေးပိုက်ထဲအကိုက်ခဲပျောက်ဆေးထည့်မယ်နော်"

သူမဆေးပိုက်ကိုပြင်ဆင်လိုက်ပြီးပြောလိုက်တယ်

"ရှင်ဒီလိုမျိုးသုံးရက်လောက်‌မေ့လဲနေတာ သိရဲ့လား ရှင်သွေးထွက်လွန်ပြီးဆိုးဆိုးရွားရွားဒဏ်ရာရထားလို ပြန်မနိုးတော့မှာစိုးရိမ်နေခဲ့တာ အခုအဆင်ပြေနေတာမြင်ရတော့မှ စိတ်အေးရတော့တယ်"

ငါသုံးရက်တောင်မေ့လဲနေတာပေါ့

နာ့စ်ထွက်သွားပြီး‌တဲ့နောက်မှာ Zehaကသူတောင်ပေါ်မှာဘာတွေဖြစ်ခဲ့လဲတာဆိုတာကိုအပြင်းအထန်ကိုစဉ်းစားနေခဲ့တယ် ဒါပေမဲ့အကိုက်ခဲပျောက်ဆေးတွေက သူ့ကို အိပ်ချင်လာစေတယ်

Zeha အသိစိတ်မမရှိတော့ဘဲ အိပ်ပျော်သွားတာ တစ်ယောက်ယောက်သူ့နာမည်ကိုခေါ်လိုက်မှ နိုးလာတယ်

"Mr.Zeha ခင်ဗျားနိုးလာပြီလိုကြားတယ် အချိန်ခဏလောက်ရှိမလား"

အဲဒါယောကျ်ားလေးတစ်ယောက်ပဲ

သူ့ကိုကြည့်ရတာ မျက်မှန်တွေနဲ့ ထက်မြက်တဲ့ပုံပေါ်တယ် မျက်‌တောင်ခတ်ပြီးဘာမှမသိတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်တော့ အဲဒီလူက သူ့လက်ကို အိတ်ကပ်ထဲကိုထည့်ပြီး ကတ်တစ်ကတ်ကို ထုတ်လိုက်တယ်

“ကျွန်တော်က Sin-si ရဲဌာနက စုံထောက် Kim Soo-hoon ပါ” လိုရှင်းပြတယ် Zehaက ကတ်ကိုယူပြီးကြည့်လိုက်တယ်

ဒီဟာက သူ ရဲအရာရှိတစ်ဦးဆီက နာမည်ကတ်ကို ပထမဆုံးအကြိမ်ရဖူးတာပဲ

Zeha ကSoo-hoon ကိုကြည့်လိုက်တော့ ဝတ်စုံပြည့်ဝတ်ထားတာကိုသတိထားမိသွားတယ် Soo-hoon က စုံထောက်ထက်အစိုးရရှေ့နေနဲ့ပိုတူနေတယ်လို Zeha တွေးလိုက်မိတယ် "အင်ဝမ်တောင်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ မေးစရာတချိုရှိတယ်" "အင်ဝမ်တောင်..."

Zeha မှာလည်း ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး မေးစရာတွေ ရှိခဲ့ပါတယ်

Zeha က လေးစားသမှုနဲ့ထထိုင်လိုက်တယ်

"ဇန်န၀ါရီလ 16 ရက်နေ့ လဆန်းမှာ မင်းဘာလုပ်နေတာလဲ"

"အလုပ်ကိစ္စလေးရှိလို..."

"ဒီမှာကျွန်တော်အဲ့တောင်မှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာကိုမေးနေတာ" တစ်ခုခုတော့ လွဲနေပြီဆို Soo-hooသိလိုက်ပြီ Zehaက သူမေးတာကိုမဖြေပဲတမင်လွဲအောင်ဖြေနေတာ Zeha ကမျက်မှောင်ကြုတ်ပြီးစုံထောက်ကို စူးစူးရှရှစိုက်ကြည့်လိုက်ပြီးတော့

"ဒါဟာ ကိုယ်ရေးကိုယ်တာပဲ"

"အဲဒါအထိကို ပြောပြရမှာလား?"

"ဟုတ်တယ် လေ အဲ့ဒါကြောင့် ကျွန်တော် ဒီကိုရောက်နေတာပေါ့"

"နားထောင် မင်းငါ့ကို အမှန်အတိုင်းပြောရင် ပိုကောင်းလိမ့်မယ်" Soo-hooက သတိပေးလိုက်တယ်

"တောင်ပေါ်မှာ ဘာလုပ်နေခဲ့တာလဲ"

"မပြောချင်ဘူး"

"ငါ့အခွင့်အရေးကို သုံးချင်တယ် နှုတ်ဆိတ်နေပိုင်ခွင့်" လိုZehaကပြောလိုက်တယ်

Soo-hoon က Zeha ကို အေးစက်စက်အကြည့်တွေနဲ့ ကြည့်နေလိုက်တယ်

"ဒါကလည်းထုံးစံအတိုင်း အပြစ်ကျူးလွန်တဲ့သူကအမှန်အတိုင်းမပြောချင်တဲ့ခါသုံးတာပါပဲ"

"တဆိတ်လောက်

ကိုယ့်ဘာသာ ကိုယ့်အခွင့်အရေးကိုသုံးတာကို မင်းကအခုငါ့ကိုအပြစ်သားတစ်ယောက်နဲ့နှိင်းယှဉ်လိုက်တာလား

အဲ့ဒါလွန်လွန်းတယ်လိုမထင်ဘူးလား?အဲလိုလုပ်လိုရတယ်လား မဟုတ်ဘူး ဆိုလိုတာက ရဲအရာရှိတစ်ယောက်က ကိုယ့်ရဲ့လုပ်ပိုင်ခွင့်သုံးတာကိုရှုချလိုက်တာလား”

ရှင်းပြရင်း Soo-hoon က သက်ပြင်းတစ်ချက်ချလိုက်ပြီး

"မင်း အလုပ်မဆင်းဘဲ တောင်ပေါ်တက်တဲ့နေ့မှာ နေရာအနှံ ရုပ်အလောင်း နှစ်ဆယ့်လေးလောင်း ကို တွေ့ခဲ့တယ်" Zehaစကားမပြောပဲ ခဏငြိမ်သွားတယ်

ပျက်စီးနေတဲ့ အလောင်းတွေ

အဲလိုစကားလုံးတွေကို Zehaကသတင်းထဲမှာကြားဖူးတာ

အဲလိုနဲ့သူလက်ကိုယူပြီး‌ရင်ဘတ်ပေါ်ထပ်တင်လိုက်ပြီးတော့သူ့မျက်နှာအမူအရာပြောင်းသွားခဲ့တယ်

ဆေးရဲ့အာနိသင် စပြီးပြယ်လာ‌တာ့ ထပ်ပြီးတုန်လာတယ်

Soohoonကစာအိတ်‌ထဲကဓာတ်ပုံတွေကိုထုတ်လိုက်တယ်

Zeha ရှေ့မှာ အဲထဲက ဓာတ်ပုံတွေကို တစ်ခုပြီးတစ်ခု ချလိုက်ပြလိုက်တာနဲ့

စက်ဆုပ်ဖွယ်ရပုံတွေကိုတွေ့လိုက်ရပြီး Zeha အသက်ရှူရပ်သွားတယ်

စုတ်ပြဲနေသော လက်တွေ ကွဲအက်နေသော အလောင်းတွေ ရင်ဘတ်နဲ့ဗိုက်အနှံ ပြတ်ရှဒဏ်ရာတွေ...

Zeha က အဲပုံတွေကိုကြည့်ရင်းတွေးလိုက်တယ်

ငါများလား?

အဲ့အချိန်မှာ သူစိတ်ထဲကိုပုံရိပ်တစ်ခုဖျတ်ခနဲပေါ်လာတယ်

ပျံ့နှံနေတဲ့သွေးတွေ လေးလံတဲ့အသက်ရှူသံတွေ အော်သံတွေ...

" Zeha!"

အမေ့ရဲ့အော်သံကနားထဲဝင်ပြီးအော်နေသလိုမျိုး အရမ်းကျယ်လောင်ပေမယ့် Zeha က ဘာကိုမှ မမှတ်မိဘူး

"မစ္စတာ Zeha?" Soo-hoonရဲ့အသံနဲ့ သူ့အမေအော်သံ နားထဲမှာရောထွေးနေပြီ Zehaက သွေးစွန်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်

"အခုရော ဘယ်လိုလဲ မင်းဖြစ်ပျက်ခဲ့တာကိုပြောပြချင်ပြီလား"

Zeha က Soo-hoon ကို ဘာမှမမှတ်မိကြောင်းပြောပြလိုက်တယ်

“အဲနေ့က ငါ့မိဘတွေ ဆုံးပါးတဲ့ နှစ်ပတ်လည်နေ့”

Zeha ဆက်ရှင်းပြတယ်

“ငါတို နေခဲ့ဖူးတဲ့ နေရာမိုလို အဲဒီကို သွားခဲ့တာ”

အိမ်နားမှာထူးဆန်းတဲ့လူနဲ့တွေ့ခဲ့တာကို ပြောပြရင်လည်း ဒီစုံထောက်က ယုံမှာမဟုတ်ဘူးလို Zeha ထင်လို အဲလူအကြောင်းကိုတော့မပြောပြခဲ့ပါ

"ကျွန်တော် တောင်ပေါ်တက်တာကို မှတ်မိပေမယ့် အဲဒီနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး..."

Zeha ရဲ့ အချက်အလက်တွေကိုချရေးပြီး Soo-hoon က အခုသွားတော့မယ်လို ပြောလိုက်တယ် သူမထွက်သွားခင်မှာ ပြန်ဆုံတွေ့ကြရဦးမယ်လိုလည်းပြောသွားတယ်

Soo-hoon ထွက်သွားတော့မှ Zehaလည်း လက်နဲ့ မျက်နှာကို အုပ်ပြီး ကုတင်ပေါ်ကို ပြန်လှဲချလိုက်တယ်

"တကယ်ပဲ ဘာတွေဖြစ်ခဲ့တာပါလိမ့်"

Soo-hoon သူ့ကို ပြထားတဲ့ ဓာတ်ပုံတွေက ရုပ်ရှင်တစ်ကားလို သူ့စိတ်ထဲမှာ ပြန်ပေါ်လာတယ်

လူသားတစ်ယောက် ဒီလိုဘယ်လုပ်နိုင်မှာလဲ... ဒီလိုလူတွေကို ဘယ်လိုသတ်နိုင်မှာလဲ

ဓားနဲ့ပုဆိန်ကရတဲ့ဒဏ်ရာတွေလည်းမဟုတ်ဘူး... ကျားတိုဝက်ဝံတိုလိုမျိုး သားရဲတစ်ကောင်ကောင်ရဲ့တိုက်ခိုက်တာခံရတာများလား…?

အဲလိုဖြစ်ရအောင်လည်း သားရဲတွေသွားလာနေရအောင် Sin-si က မြိုကြီးတစ်မြိုလေ

အမယ်လေး ငါတကယ်ကိုဘာမှမမှတ်မိ‌တော့ဘူး စိတ်ညစ်စရာပဲ

Zeha သိတာကတော့ အင်ဝမ်တောင်ရဲ့လူသတ်မှုက မြိုတော်ကို တုန်လှုပ်မယ်ဆိုတာပဲ ဒါဟာ အန္တရာယ်ရှိတဲ့အရာတစ်ခုရဲ့ အစပဲ ရှိပါသေးတယ်


Original story: HYBE Co-planning: HYBE / NAVER WEBTOON

Presented by ADORABLE Channel

Do not Reupload.


 
 
 

Comments


Post: Blog2_Post

©2022 by Adorable Representative MC For Youths(Myanmar). Proudly created with Wix.com

bottom of page